Thursday, June 4, 2009

လမ်းခွဲ..

ဖြစ်တည်မှု့တစ်ခုရဲ့
နိဂုံးဟာအရှုံးတွေ
ဒီလောက်များလိမ့်မယ်လို့
ငါထင်မထားမိဘူး...

ငါ့ယုံကြည်မှု့
တံတိုင်းကို
ရယ်ရယ်မောမောနဲ့
နင်ဖြိုချခဲ့တာ...

အချစ်တစ်ခု
ဓါတ်ပြယ်ဖို့
အကွာအဝေးဆိုတာ
လိုအပ်လို့လား......

နင့်အတွက်
အရာရာကိုရင်ဆိုင်ဖို့
ငါစစ်မျက်နှာဖွင်နေတာ
ကျောခိုင်းထားတာ မဟုတ်ဘူး...

ဒါပေမယ့်
ငါ့ရင်အထိဖေါက်ထွက်ခဲ့တဲ့
ဓါးပိုင်ရှင်က
နင်ကိုယ်တိုင်ဖြစ်နေတော့ ငါ့မှာလေ...

ရန်သူရဲ့တီးကွက်မှာ
ငါက ကလို့
သံဇဉ်က မုသားဆိုတာ
ပွဲပြီးမှသိခဲ့တော့ ။......။

ငါ....

မွန်းကျပ်မှု့တွေ
ဖိသိပ်ထည့်ထားတဲ့
အတ္တအခွံတစ်ခုပါ...

အချိန်မှန်
တွန်သံပေးတတ်တဲ့
ဒီသမုဒ္ဒရာအတွက်
အချိန်တွေကို
ရောင်းစားနေရတာ....

ဆုတ်ဖြဲခဲ့တဲ့
ပြက္ခဒိန်ဟောင်းတိုင်းမှာ
ဒိုင်ယာရီတစ်ချို့
မျက်ရည်တွေနဲ့.....

မီးကျိုးမောင်းပျက်
မျှော်လင့်ချက်အတွက်
ငါ့ဘဝ ရေကြီးနေခဲ့တာ....

ပေါက်နေတဲ့ ပလိုင်းကို
အိပ်မက်တွေနဲ့ ဖါထေးရင်း
ငါကောက်ခဲ့တာ တွေကရော
စားလောက်လို့လား....

အဖိုးချင်းမမျှပေမယ့်
ငါလဲခဲ့ရတာ
ရေကြည်ရမြက်နုရာ အတွက်လေ...

အဲဒီအတွက်
နှုတ်ဆက်နေတဲ့
လက်တစ်ချို့က
တစ်ခဏအတွက်လား....
ထာဝရအတွက်လား ။.....။